Posts

ကျန်းမာစွာ နေထိုင်ရေး

 ဒီနေ့ အဒေါ်တယောက်ရဲ့ ကျန်းမာရေးသတင်း ကိုကြားပြီး အတွေးတစဝင်လာပါတယ်။ ကျွန်တော်တို့နေ့စဉ် စားသောက်နေထိုင်မှု တွေမှာ ဘယ်လောက်ကျန်းမာစွာ ပြုမူနေထိုင်နေပါသလဲ။ မနက်အိပ်ယာနိုး ချိန်က စ ညအိပ်ယာပြန်ဝင်ချိန်ထိ ကိုယ်စားနေတဲ့အရာ သောက်နေတဲ့အရာ ပြုမူနေတဲ့အပြုအမူ လှုပ်ရှားမှုတိုင်းမှာ ကျန်းမာရေးနှင့်ညီညွတ်အောင် ဘယ်လောက်ထိကျင့်ကြံနေထိုင် နေပါသလဲ။ မမြဲခြင်းခန္ဓာ ကိုရရှိထားတာဖြစ်တဲ့အတွက် ပျက်စီးခြင်းကတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ သိုပေမယ့် ဒီလိုမရနိုင်တာအတွက်နဲ့ဘဲ လက်လွတ်စပယ် ထားလိုက်ဖို့ မသင့်ဘူးဆိုတာကို စာရေးသူအနေနဲ့ လက်ခံပါတယ်။ ဥပမာအားဖြင့် ကိုယ်စားတဲ့အစာထဲမှာ လုံလောက်တဲ့ အမျှင်ဓာတ်ပါရဲ့လား ထိုအမျှင်ဓာတ်အနည်းအများက အူလမ်းကြောင်းနဲ့အစာခြေစနစ် အစာဟောင်းစွန့်ထုတ်ခြင်းအခြေအနေ စတဲ့ အရာတွေအပေါ် သက်ရောက်မှု အများကြီးရှိပါတယ်။ နောက်တခုက အစာအိမ် အူလမ်းကြောင်းဆိုတာကို လူတယောက်ရဲ့ ဒုတိယဦးနှောဏ်လို့ ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောဏ်ကလည်း လူ့ခန္ဓာကိုယ်ထဲကဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုကို ခံပြီး သူရဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ပါတယ်။ ထိုနည်းတူ အစာအိမ်နှင့်အူလမ်းကြောင်းကလည်း ဟော်မုန်းနဲ့ အာရုံကြောစနစ...

ပညာကုန်သည်

 ညောင်းကိုက်နေတဲ့ မျက်လုံးတွေ တောင့်တင်းနေတဲ့ ပုခုံးနဲ့ ကျောပြင် အာရုံမစိုက်ဘဲ အလိုလိုရှူနေတဲ့ လေ အလင်းရောင်စူးစူး နဲ့ မှန်သားပြင် မငြီးငြူနိုင်တဲ့ နေ့စဉ်ကြားနေကြ တဂျောက်ဂျောက် ခလုတ်သံ ပူကျိန်း ထုံကျင်နေတဲ့ ကြွက်သားဆိုင် နှစ်ခု ဆေ့ချ် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်

ဒေါ်အောင်ဆန်းစုကြည်-ကျွန်တော့်အတွက် သက်ရှိဘုရား

 ခေါင်းစဉ်ကြည့်ပြီး လွန်ပြန်ရောလို့ ထင်မလား။ ဗုဒ္ဓဆိုတာလည်း လူသားတယောက် ဒေါ်စု လည်းလူသားတယောက်၊ ဒါကြောင့် လော့ဂျစ်သဘောအရ တူတယ်လို့ ပြောလို့ရပါတယ်။ တကယ့်မှာတော့ လော့ဂျစ်သဘောတရားထက်ပိုပါတယ်။ ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာကျင့်ကြံနေတဲ့ သူတယောက်ဟာ ဗုဒ္ဓနဲ့ တူတယ်လို့ ပြောရင်လွန်တယ်မထင်ပါဘူး။ ဘယ်လောက်တကယ် လက်တွေ့ကျင့်သုံးနေထိုင်နိုင်လဲ ဆိုတာတော့ အရေးကြီးတယ် ထင်ပါတယ်။  သူမ ဟာ ကျွန်တော်လက်လှမ်းမီသလောက် ကာလတလျှောက် ပြောဆိုခဲ့ ကျင့်ကြံနေထိုင်ခဲ့တဲ့ အရာတွေမှန်သမျှ ဗုဒ္ဓရဲ့လမ်းစဉ် ကို တတ်နိုင်သလောက်ကျင့်သုံးနေထိုင်ခဲ့ရတာ တွေ့ခဲ့ရပါတယ်။ လောဘ၊ ဒေါသ နည်းတယ်။ အလယ်အလတ်လမ်းစဉ် ကျင့်ကြံတယ် အကြမ်းမဖက်ဘူး တည်ကြည်ရဲရင့်တယ် စတဲ့ လမ်းစဉ်တွေကို တစိုက်မတ်မတ် ကျင့်ကြံနေထိုင်ခဲ့တယ်။ အသက်အန္တရာယ် နဲ့ လောကစည်းစိမ်ချမ်းသာ တွေနဲ့ ခြိမ်းခြောက်တလှည့် မြူဆွယ်တဖုံ ကြုံခဲ့ရတာတောင် အတတ်နိုင်ဆုံး အကောင်းဆုံး မယိုင်မလဲ ဖြတ်သန်းခဲ့တယ် ဖြတ်သန်းနေတယ်။ မေတ္တာတရား၊ ကရုဏာတရား စတဲ့ ဗြဟ္မစိုရ်တရား တွေနဲ့အညီ ပြောဆိုကျင့်ကြံနေထိုင်ပုံလည်းရှိတယ်။ သူမရဲ့ အပြုအမူတွေက ဟန်ဆောင်ထားမထား သူမရဲ့ ပြောဆိုခဲ့တဲ့ စကားတွေက အမြဲရှေ့နောက်ညီနေခဲ...